MNP - ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၂၂-ခုနှစ်နှစ်ပတ်လည်နေ့ အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့နယ်အတွင်းရှိ အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား ပထမပိုင်းအစီအစဉ်အရ နှစ်ပတ်လည်အစည်းအဝေးအားဖွင့်လှစ်ခဲ့ပြီး စစ်မှုထမ်းဟောင်း သဘာပတိဗိုလ်မှူးနေမျိုးဦး (ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့၏ အလုပ်အမှုဆောင်အသစ်များရွေးချယ်ကာ အခမ်းနားရုတ်သိမ်းခဲ့သည်။ ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ အမှတ်(၁၃)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးတပ်နယ်မှူးဗိုလ်မှူးချုပ်အောင်အောင်မှ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အမှာစကားပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့၏ သမိုင်း ကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား သပိတ်ကျင်းတပ်နယ်၊ တပ်နယ်မှုးဗိုလ်မှူးချုပ်အောင်အောင်၊ အမှတ်(၁)သတ္ထုဗေဒဆိုင်ရာ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးတပ်ဌာနချုပ်မှူးဗိုလ်မှူးချုပ်မင်းမင်းထွန်း၊အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ် ခေတ္တတပ်မှူးဒုတိယဗိုလ်မှူးကြီးသောင်းစိန်၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး အေး မင်းထွဋ်(ငြိမ်း)တို့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ အမှတ်(၂၀)တပ်မတော်ဆေးရုံကုတင်( ၁၀၀)မှ ခေတ္တတပ်မှူးဗိုလ်မှူးနိုင်လင်း ဦးစီးအဖွဲ့မှ ပါရဂူများ၊ဆေးမှူးများ၊ သူနာပြုများမှတက် ရောက်လာသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား၊ ကျန်းမာရေးဆေးစစ်မှုများ ကုသမှုများဆောင်ရွက်ပေးခဲ့ကာ တပ်နယ်မှူးမှတည်ခင်းဧည်ခံကျွေးမွေးခဲ့သော နေ့လည်စာအားသုံးဆောင် ခဲ့ကြသည်။
အခမ်းအနားသို့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တပ်နယ်မှူး၊ တပ်နယ်အရာရှိများနှင့်နယ်ဘက် အရာရှိများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထိုက်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းမြတ်သူနှင့်တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment