ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ရောက်ရန် ၁၈၆၄ စင်တီမီတာ ရောက်ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ရောက်ရန် ၁၈၆၄ စင်တီမီတာ ရောက်ရှိလာ



MNP - ဇွန်   ၁၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာသို့ ရောက်ရှိရန် ၁၈၆၄ စင်တီမီတာသို့ တဖြည်းဖြည်းရောက်ရှိလာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။


ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ အချိန် တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး ၂၁၂၀စင်တီမီတာ ရောက်ရှိရန် ၂၅၆စင်တီမီတာ လျော့နည်းကြောင်း၊ ယနေ့နံနက်ဧရာဝတီမြစ်ရေတိုင်းတာချက်အရ ၁၈၆၄ စင်တီမီတာရှိနေကာ ဆက်လက်မြင့်တက် လာနိုင်ကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာသတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်ထံက သိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ တိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ် တိုင်းတာကြောင်း၊ စိုးရေရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာရောက်ရှိချိန် မြစ်ရေကြီး သတိပေးချက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။     


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)