MNP - ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးကြိုးဘေးသင့်သေဆုံးသူနှင့် လေဘေးသင့်အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကျောက်တံခါးမြို့နယ်၊ သူဌေးကြီးရွာသစ်ကျေးရွာအုပ်စု၊ နနွင်းမြောင်ကျေးရွာ၌ မေလ ၂၃ ရက်မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ခြင်းကြောင့် အမိုးလန်ပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀,၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀၀)ကျပ်၊ မေလ ၂၇ ရက်ညနေပိုင်းက ပဲနွယ်ကုန်းရွာမကျေးရွာအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်တို့အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment