ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်









MNP ၊  ဇွန်  ၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏သား၊ သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးလေးသည့်တာဝန်များကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်နေကြသော မိမိတို့ရုံး ဝန်ထမ်းများ၏ ရင်သွေးငယ်များကို ပညာတတ်ကြီးများဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် တစ်ဖက် တစ်လမ်းက အထောက်အပံ့ဖြစ်စေရန် ယခုကဲ့သို့ ချီးမြှောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် ရင်သွေးငယ်များ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ပညာပြည့်ဝစွာ သင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘများအနေဖြင့် လည်း မိမိတို့ မျိုးဆက်သစ်ရင်းသွေးငယ်များ ပညာကိုဆုံးခန်းတိုင်သင်ယူခွင့်ရရှိအောင် ကြိုးစား သင်ပေးကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများ၏ သား၊ သမီးများဖြစ်ကြသည့် မူကြိုကျောင်းသားမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအတွက် ပညာသင် ကြားရေးတွင် အထောက်အပံ့ဖြစ်စေရန် ငွေကျပ် ၃၉၉၅၀၀၀ ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။ 


သတင်း -  တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)