လားရှိုးမြို့နယ်၊ဆုံကွယ်ကျေးရွာ၌ မိုးရာသီတိရစ္ဆာန်အစပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့နယ်၊ဆုံကွယ်ကျေးရွာ၌ မိုးရာသီတိရစ္ဆာန်အစပင်စိုက်ပျိုး



MNP - ဇွန်   ၂၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာ တောင်သူ ဦးသန်းလွင်ခြံ၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို ဇွန်လ(၂၄)ရက် နံနက် (၈)နာရီက စတင်စိုက်ပျိုးကြောင်း သိရသည်။


အဆိုပါ မိုးရာသီတိရစ္ဆာန်အစာပင်များစိုက်ပျိုးရာ၌ စိုက်ပျိုးသည့်မျိုးအနေဖြင့် မွန်ဆားဘာ၊နေဗီယာ (၂)မျိုးကို စတင်စိုက်ပျိုးနေမှုများအား လားရှိုးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်ဦးနှင့် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ပါဝင်ကာ လက်တွေ့စိုက်ပျိုးနည်းများကို ရှင်းလင်းပြောကြားပြသခဲ့ကြသည်။


ယခုစိုက်ပျိုးသော တိရစ္ဆာန်အစာပင်သည် စတင်စိုက်ပျိုးချိန်မှ(၃)လကြာမြင့်သည့် အချိန်တွင် တိရစ္ဆာန်အစာအဖြစ် အသုံးပြု၍ရကြောင်းလည်း သိရှိရပြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ရက်သတ္တပတ် လှုပ်ရှားမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)