မိုးညှင်းဗဟိုအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုဝင်များ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းဗဟိုအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုဝင်များ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 


MNP - ဇွန်   ၁၉


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ဝန်ထန်းနှင့်မိသားစုဝင်များ ၂၀၂၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၇)နာရီက မိုးညှင်းဗဟိုအကျဉ်းထောင်ရှိ မြေလွတ်နေရာများတွင် အရိပ်ရ နှစ်ရှည်ပင်(၁၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ အကျဉ်းဦးစီးဌာန၊ မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က သစ်တောသယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် လေကောင်း လေသန့်များရရှိစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့မသစ်တောပျိုးဥယာဉ်ခြံတာဝန်ခံ ဦးဝေယံအောင်က စိုက်ပျိုးမည့် ပျိုးပင်များကိုပေးအပ်ရာ မိုးညှင်းဗဟိုအကျဉ်းထောင်မှ တာဝန်ခံအရာရှိက လက်ခံရယူပြီး ဝန်ထမ်းနှင့် မိသားစုဝင်များက သတ်မှတ်နေရာအသီးသီးတွင် အရိပ်ရ နှစ်ရှည်ပင်များဖြစ်သည့် မြောက်ငိုပင် (၇၀)နှင့် ပျဉ်းကတိုးပင် (၃၀) စုစုပေါင်းပျိုးပင် (၁၀၀)ပင်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)