လှိုင်သာယာ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်မှ သေဒဏ် စီရင်ခြင်း ခံရသူနှစ်ဦး ကျူးလွန်ခဲ့သော ပြစ်မှုက ဘာတွေလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်မှ သေဒဏ် စီရင်ခြင်း ခံရသူနှစ်ဦး ကျူးလွန်ခဲ့သော ပြစ်မှုက ဘာတွေလဲ



ဒီကနေ့မှာပဲ NLD အစွန်းရောက် အကြမ်းဖက်အဖက်သမားများထဲက အကြမ်းဖက်သမားများကို ချမှတ်ထားသော ပြစ်ဒဏ်အတိုင်း သေဒဏ်စီရင်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ သေဒဏ်စီရင်ခြင်း ခံရသူ ၄ဦးမှာ NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း မှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီ၊ လှိုင်သာယာမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့ကို သေဒဏ်စီရင်လိုက်ခြင်း ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် နဲ့ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခဲ့ပြီဖြစ်ပါတယ်။


လှိုင်သာယာမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကတော့ - 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီး(ဘ)ဦးမြင့်လှိုင်၊ အောင်သူရဇော်(ခ)ကတုံး(ခ)သူရ(ဘ)ဦးအောင်ဇော်ဦး၊ အညာသား(ခ)မျိုးဇော်ထက်(ဘ)ဦးဝင်းခိုင်နှင့် မင်းခန့်(ခ)နှင်းကိုကို(ဘ)ဦးသောင်းတင် တို့သည် အရိုး/အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် အဆိုပါ မဝင်းသန္တာဆွေတွင် ၄ cm ခန့်အနက်ရှိ ယာရင်အုံထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၁၂ cm ခန့်အနက်ရှိ ဝဲရင်အုံထိုးသွင်းဒဏ်ရာ (၄)ချက်၊ ၁၂ cm ဝဲခါးစောင်း ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့ပြီး ဝဲရင်အုံးထိုးသွင်းဒဏ်ရာမှာ အဆုတ်ထိရောက်ပြီး ရင်ခေါင်းအတွင်း သွေးယို၍ သေဆုံးခဲ့ခြင်းဖြင့် တစ်ဦးထက်ပိုသောသူမျာက အကြံတူတစ်ခုကို အထမြောက်စေရန် ပြုလုပ်သည်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၃၄ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ” အမိန့် ချမှတ်ခဲ့ပါတယ်။



တင်ထွန်းအောင်(ခ)မိုးလျှံ(ဘ)ဦးထွန်းဆန်း၊ ဒေါ်မြင့်မြင့်အေး(ဘ)ဦးငွေငြိမ်း နှင့် ဒေါ်တင်တင်အေး(ဘ)ဦးငွေငြိမ်းတို့သည် မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့က အရိုး/ အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် သေဆုံးမှုဖြစ်စဉ်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ မဝင်းသန္တဆွေ၏ နေအိမ်အား အပြင်ဘက်မှသော့ပိတ်ကာ သော့နှင့် လက်ကိုင်ဖုန်း(၂)လုံးအား သိမ်းဆည်းထား ရှိခဲ့ခြင်း၊ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး မှ မဝင်းသန္တာဆွေအား ခေါ်ဆောင်သွား ရန် သော့အား လာရောက်တောင်းယူစဉ် ပေးအပ်ခဲ့ခြင်းဖြင့် မဝင်းသန္တာဆွေ အား သတ်ရန် အားပေးကူညီမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၁၀၉ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ”အမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။


လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ  တို့နဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြတဲ့ စိုးကြီး(ခ)စိုးပိုင်(ဘ)ဦးလှစော သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၌ မတ် ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီးနှင့် မကြူကြူသင်း တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား လူသတ်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးစေရန် အမိန့်ထုတ်ပြန်ထားပြီး ထွက်ပြေးနေသည်ကို သိလျက်နှင့် ဖမ်းဆီးခြင်းမှ ကာကွယ်ရန်အကြံဖြင့် လက်သင့်ခံမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၂၁၆ အရ ဧပြီ ၁၂ ရက်တွင် “ အလုပ်နှင့်ထောင် ဒဏ် ၇ နှစ် ”အမိန့်ချခဲ့ပါတယ်။

မကြူကြူသင်း(ဘ) ဦးလှစော သည် မတ် ၁၅ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်း နေ သေဆုံးသူ မဝင်းသန္တာဆွေ ၏ လက်ရှိဖြစ်သည့် ရွှေရည် ၁၁ ပဲရည်၊ ရွှေ အလေးချိန် ၅ ပဲ ၅ ရွေးခန့်ရှိ ကျောက်ဖြူပါ ခရုပတ်ပုံ ဆွဲသီး (၁)ခု၊ ရွှေရည် ၁၁ ပဲရည်၊ ရွှေအလေးချိန် ၅ ပဲ ၆ ရွေးခန့်ရှိ ကျောက်ဖြူပါ ကျူထံရံ ကွက်ပုံ လက်စွပ်(၁)ကွင်းနှင့် ရွှေရည် ၁၄ ပဲရည်၊ ရွှေအလေးချိန် ၁၅ ပဲ ၁ ရွေးခန့်ရှိ ကျစ်ဆံမြီးပုံ ဆွဲကြိုး(၁)ကုံးတို့အား ဥပဒေနှင့်အညီ လက်ရှိဖြစ်သူ၏ လက်သို့ မရောက်မီ သိလျက်နှင့် အလွဲသုံးစားမှုကို ပြုလုပ်ခဲ့မှုနှင့် မဝင်းသန္တဆွေအား သူလျှို၊ ဒလန်၊ သတင်းပေးဟုစွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီးဘုန်း ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများ ပြည်သူကို ထိန်လန့်စေမှုပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ- ၂၁၆ နှင့်ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ” အမိန့်ကို ချခဲ့ပါတယ်။


ဒေါ်နန်းခင်ခင်ဝင်း (ဘ)ဦးစံသိန်း၊ ဒေါ်မိုးသီတာ(ဘ)ဦးမြင့်သိန်း၊ မဝေဖြိုးစံ(ခ)မကုလားမ(ဘ)ဦးစံဝင်း၊ အောင်နိုင်ကို(ဘ) စိစစ်ဆဲ၊ ယဉ်ထွေး(ဘ)စိစစ်ဆဲ၊ ဒေါ်ခင်မာဌေး(ဘ)စိစစ်ဆဲ၊ မပွင့် (ဘ)စိစစ်ဆဲ၊ မင်းမင်း(ခ)အောင်မင်းဦး(ဘ)ဦးအုန်းလွင်၊ မြင့်ဦး(ဘ)စိစစ်ဆဲ၊ သန့်ဇင် (ဘ)စိစစ်ဆဲ၊ လှရီ(ဘ)စိစစ်ဆဲ၊ ကြည်လွင်(ဘ)ဦးအောင်လှိုင်၊ ဂျပန်ကြီး(ခ) ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ဘ)ဦးသန်းရွှေ၊ ဖိုးကျော်(ခ)ကျော်ကြီး(ခ)ကျော်ကျော်လတ် (ဘ)ဦးမောင်မြင့်၊ သန့်ဇော်ဦး(ခ)သက်ဇော်ဦး(ဘ)ဦးဝင်းလှိုင်နှင့် ဥက္ကာ(ဘ)စိစစ်ဆဲ တို့သည် မတ် ၁၄ ရက်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများပြည်သူကို ထိတ်လန့်စေမှုကို ပြုလုပ်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ”အမိန့်ကို လည်းကောင်း အသီးသီးချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။


အထက်ဖော်ပြပါ အကြမ်းဖက်မှုဖြစ်စဉ်မှ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၆ ဦးအနက် အညာသား(ခ)မျိုးဇော်ထက်(ဘ) ဦးဝင်းခိုင်၊ မင်းခန့်(ခ)နှင်းကိုကို(ဘ)ဦးသောင်းတင်၊ ဒေါ်တင်တင်အေး(ဘ)ဦးငွေငြိမ်း၊ ဖိုးသဲ(ဘ)စိစစ်ဆဲ၊ အောင်နိုင်ကို(ဘ)စိစစ်ဆဲ၊ ယဉ်ထွေး(ဘ)စိစစ်ဆဲ၊ ဒေါ်ခင်မာဌေး (ဘ)စိစစ်ဆဲ၊ မပွင့်(ဘ)စိစစ်ဆဲ၊ မင်းမင်း(ခ)အောင်မင်းဦး(ဘ)ဦအုန်းလွင်၊ မြင့်ဦး (ဘ)စိစစ်ဆဲ၊ သန့်ဇင်(ဘ)စိစစ်ဆဲ၊ လှရီ(ဘ)စိစစ်ဆဲ၊ ကြည်လွင်(ဘ)ဦးအောင်လှိုင်၊ ဂျပန်ကြီး(ခ)ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ဘ)ဦးသန်းရွှေ၊ ဖိုးကျော်(ခ)ကျော်ကြီး(ခ) ကျော်ကျော်လတ်(ဘ)ဦးမောင်မြင့်၊ သန့်ဇော်ဦး(ခ)သက်ဇော်ဦး(ဘ)ဦးဝင်းလှိုင်နှင့် ဥက္ကာ(ဘ)စိစစ်ဆဲ တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)