MNP - ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင် ကွမ်းလုံမြို့မဈေးတွင်းရှိ ဈေးရောင်း/ ဈေးဝယ်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး ယင်းလက်ကမ်းစာစောင်ထဲတွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်နှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေမှု မှတ် တမ်းဓာတ်ပုံများ၊ (၃၁-၁-၂၀၂၂)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ မူးယစ်ဆေးဝါး ပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ မင်းသန်းနိုင်(မုဒုံ)ရေးသားသည့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ မူးယစ်ဆေးဝါးအသိပညာပေးဆောင်ပုဒ်များနှင့်ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment