မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး


MNP ၊ ဇွန် ၁၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သောအဖွဲ့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သော ယာကြီး - ကလေးဝ လမ်းပိုင်းကို နှစ်လမ်းသွားလမ်း အဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား (၆၉)စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေးကိစ္စရပ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)