ဟိုင်းကြီးကျွန်းမြို့တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 



MNP - ဇွန်   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့နေ့လည်(၁)နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့်တာဝန်ရှိသူများ သွားရောက်ပြီး ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့်တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ဟိုင်းကြီးမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံကာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ သားသမီးများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးထူးချွန်ချွန်အောင်မြင်အောင် သင်ကြားပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားများပြောကြားပြီး ကြက်ဥများ၊အသီးအရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ ဆုံးမစကားများပြောကြားပြီး သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာဗဟုသုတများအား ဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)