မိုင်းခတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

 


MNP - ဇွန်   ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာများတွင် သွားရောက်ထောက်ပံ့ ပေးလျက်ရှိသည်။


နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား(၃၉)အား တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၁၇၀၀၀၀)ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုင်းခတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃၉)ဦးရှိပြီး အဆိုပါလူမှုရေး ပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)