ကျောက်ဖြူခရိုင်လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်





MNP ၊  ဇွန် ၂၄

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက်ပိုင်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ယခုလိုပြိုင်ပွဲပြုလုပ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိပြီး ရှောင်ရှားနိုင်စေရန်၊ မူးယစ်ဆေးဝါး၏ သားကောင်အဖြစ် လမ်းမှားမရောက်စေရန်နှင့် မူးယစ်ဆေးဝါးကို လက်တည့်စမ်းမသုံးကြစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း‌ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ထို့နောက် အမှတ်(၄၈)၊ မူးယစ်တပ်ဖွဲ့စုမှ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသန့်ဇော်က  မူးယစ်ဆေးဝါးအား စတင်စမ်းသပ်သုံးစွဲ ကြည့်ခြင်းဖြင့် ဆေးစွဲကာ အသက်သေဆုံးရသည်အထိဖြစ်ခဲ့သော သာဓကဖြစ်စဉ်များ၊ မူးယစ်‌ ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့်ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများနှင့် ဆေးသုံးစွဲခြင်းဖြင့်ကြုံတွေ့ရမည့် ဉပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအား Power Point ဖြင့်အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ကျောင်း သား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် ပ‌ဟေဠိမေးခွန်းများအား မေးမြန်းခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နံရံကပ်ဓာတ်ပုံ/စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများပါရှိသည့် ဓာတ်ပုံများ၊ ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ခင်းကျင်း ပြသထားရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလို သည်များအား မူးယစ်တပ်ဖွဲ့စုမှူးမှ ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ အမှတ်(၄၈) မူးယစ်တပ်ဖွဲ့စုမှ မူးယစ်တပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား (၆၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)