MNP ၊ ဇွန် ၂၃
ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကျခတ်ငူ ကျေးရွာရှိ တောင်သူ ဦးဇာ်လွင်၏ မြေ ဝ.၅ဧက ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာနီနီမော်၊မြို့နယ်အုပ်ချုပ်ဦးသိုက်ထွန်း၊ မြို့နယ် မွေးမြူရးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသက်နိုင်နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများတက်ရောက် စိုက်ပျိုးခဲ့ကြသည်။
တိရစ္ဆာန်အစားအစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ
ဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သောအဟာရဓာတ်ပမာဏများ ပြည့်ဝစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့လည်း နေဗီယာမြက် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာက်နိုင် က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment