MNP - ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသော အခြေခံစိုက်ပျိုးရေး နည်းပညာပေးသင်တန်း တက်ရောက်သင်ကြားနေသော သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရာက်အမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် ပညာရှင်အလုပ်သင်နေ့စားဝန်ထမ်းမှ ဒုတိယလက်ထောကဦးစီးမှူးအဆင့်သို့ ဖြေဆိုကြမည့် အခြေခံစိုက်ပျိုးရေး နည်းပညာပေးသင်တန်းဖွင့်လှစ်ထားရှိမှု အခြေအနေနှင့်စပ်လျဉ်းပြီး အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားသင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ပို့ချသည့် ဘာသာရပ်အသီးသီးတို့အား လက်တွေ့လုပ်ငန်းခွင်တွင် စေတနာရိုးသားမှုအပြည့်နဲ့ အောင်မြင်အောင်အတွက် အကျိုးရှိရှိ အစွမ်းကုန်ကြိုးစား အသုံးချသွားကြရန်နှင့် လုပ်ငန်းများကို စဉ်ဆက်မပျက်လေ့လာဆည်းပူးသွားကြပြီး မိမိတို့ ဒေသပတ်ဝန်းကျင်းမြေအနေအလိုက် စိုက်ပျိုးရေးလုပ်လုပ်ငန်းများကို အတက်နိုင်ဆုံး ဝိုင်းဝန်းကြိုးစားပြီး စားနပ်ရိက္ခာဖူလုံအောင် သီးထပ်သီးညှပ်များအား အလေးထားစိုက်ပျိုးသွားကြစေပါကြောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်ဧက(၄၀၀၀၀၀)လျာထားချက်ကို ပြည့်မီကျော်လွန်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် သီးထပ်သီးညှပ်များကိုလည်း တိုးချဲ့စိုက်ပျိုးသွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့အသုံးချရေးဌာနခွဲနှင့် ပိုးမွှားကာကွယ်ရေးဌာနခွဲတို့မှ တာဝန်ယူ၍ လုပ်ငန်းကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်လျက်ရှိသော နည်းပညာပေး ပြခန်းများနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူနည်းပညာပေးထုတ်လွှင့်လျက်ရှိသော ICT Studio ခန်းမအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment