ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ ကလေးပြုစုရေးဌာနများသို့သွားရောက်ပြီး ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ ကလေးပြုစုရေးဌာနများသို့သွားရောက်ပြီး ထောက်ပံ့ငွေများပေးအပ်




MNP - ဇွန်   ၂၁


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေးဌာနနှင့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ABC ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် သင်တန်းသူများ၏ ချုပ်လုပ်ထားသော အဝတ်အထည်များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ကလေးငယ်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ကလေးငယ်များအား နေ့လယ်စာနှင့် ဖြည့်စွက်စာကျွေးမွေးခြင်း၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြပြီး စစ်တွေ ကလေးပြုစုရေးဌာနသို့ ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို ပေးအပ်လှူ ဒါန်းကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက်ရှိ ABC ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်ပြီး ကလေးသူငယ်များအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ABC ဖောင်ဒေးရှင်းတာဝန်ရှိသူများထံသို့ ထောက်ပံ့ငွေကျပ် ၁၈၀၃၅၀၀ ကို ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးသူငယ်များအား နေ့လယ်စာနှင့် ဖြည့်စွက်စာများကျွေးမွေးကြပြီး၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။  


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)