ကန့်ဘလူမြို့နယ် နတ်အင်းရွာ သက်ငယ်မုဒိန်းမှု ပြည်သူ့စစ်အဖွဲ့နှင့် လုံးဝပတ်သတ်ခြင်း မရှိဘဲ သတင်းလိမ် သတင်းမှားများ ရေးသားဖြန့်ဝေနေကြောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ် နတ်အင်းရွာ သက်ငယ်မုဒိန်းမှု ပြည်သူ့စစ်အဖွဲ့နှင့် လုံးဝပတ်သတ်ခြင်း မရှိဘဲ သတင်းလိမ် သတင်းမှားများ ရေးသားဖြန့်ဝေနေကြောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြောဆို


ကန့်ဘလူမြို့နယ်၊ နတ်အင်းရွာတွင် ဖြစ်ပေါ်ခဲ့သော သက်ငယ်မုဒိန်း မှုနှင့် ပတ်သက်၍ အစွန်းရောက် အကြမ်းဖက် အုပ်စု၏ facebook စာမျက်နှာ တစ်ခုဖြစ်သော (Infinity Group) မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပတ်သတ်ခြင်းမရှိဘဲ အများပြည်သူ အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေကြောင်း နတ်အင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက "သူတို့ သတင်းမှာ တင်ထားတဲ့ ရွှေဘဆိုသူက ပျူစောထီးလည်း မဟုတ်ဘူး။ ပြည်သူ့စစ်အဖွဲ့ဝင်လည်း မဟုတ်ဘူး။ CDM ကျောင်းဆရာရဲ့ ယောက်ဖဖြစ်တယ်။ သူတို့ ဘယ်နေ့ ဘယ်ရက်က ဘယ်လိုတွေ ဖြစ်လို့ ဘယ်လိုတွေ လျော်ကြေးပေးတယ် ဆိုတဲ့ကိစ္စတွေ ကျွန်တော်တို့ ဘာမှ မသိရဘူး။ သတင်းမှာ ကြတော့ ပေါက်ကရတွေ ရေးသားနေတာကို တွေ့ရတယ်။ သူတို့တင်ထားတဲ့ သတင်းမှာက နတ်အင်းကျေးရွာကျောင်းမှာ လာတက်နေတဲ့ ကျောင်းသူလေးကိုမှ အဓမ္မပြုကျင့်တဲ့အကြောင်းပေါ့ဗျာ။ ပြည်သူ့စစ်တွေက လုပ်တယ်ဆိုပြီး တင်နေတာဗျ။  ရှင်းရှင်းပြောရရင်တော့ အဲဒီကျောင်းသူလေးက CDM ကျောင်းဆရာရဲ့ မြေးဗျ။ ပထမတန်းပဲ ရှိသေးတယ်။  ကျူးလွန်တဲ့ ဦးရွှေဘ ဆိုတာကလည်း နတ်အင်းရွာဇာတိမဟုတ်ဘူး။  ဦးရွှေဘရဲ့ ဇနီးက CDM ကျောင်းဆရာရဲ့ ညီမအရင်း။ ရှင်းရှင်း ပြောရင်ဗျာ မြေးဝမ်းကွဲကို ပြန်ကျူးလွန်တာဗျာ။ အဲဒါကို နတ်အင်းရွာ ပြည်သူ့စစ်နဲ့လည်း ဘာမှမဆိုင်ဘဲ သတင်းမှားတွေ ရေးတင်နေတာဗျာ" ဟု ပြောသည်။


အကြမ်းဖက်လှုံ့ဆော် facebook စာမျက်နှာတစ်ခုဖြစ်သည့် Infinity Group စာမျက်နှာတွင် -

(ကန့်ဘလူမြို့နယ် နတ်အင်းရွာမှာ ဇွန်လ ၆ ရက်နေ့က ပြူခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ရွှေဘ ဆိုသူက ၈ နှစ်အရွယ် ကျောင်းသူကလေးငယ်ကို မုဒိန်းကျင့်တဲ့သတင်းကို ဇွန်လ ၈ ရက်နေ့က ကျွန်တော်တို့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  ယခုနောက်ဆက်တွဲအနေနဲ့ ကာယကံရှင်ဖြစ်သူ မိဘတွေကို လျော်ကြေးငွေ သိန်း ၃၀ ပေးတဲ့အခါမှာ ကာယကံရှင်တွေကို ၂၁ သိန်းသာ ပေးပြီး ၉ သိန်းကို ပြူတွေက ညစ်ယူထားတယ်လို့ ထပ်မံ သိရပါတယ်။    တဖန် ကာယကံရှင်ရဲ့မိဘတွေကို ပြူစောထီးက မုဒိန်းကျင့်တဲ့သတင်းဟာ မဟုတ်မှန်ကြောင်း စကစဘက်က ဖိအားပေးကာလက်မှတ်ထိုးခိုင်းမယ်လို့ သိရပါတယ်။  မုဒိန်းကောင်ဖြစ်တဲ့ ရွှေဘ ကတော့ နတ်အင်းရွာမှပျောက်ဆုံးနေကာ ၎င်းကိုတော့ ဘယ်ပို့ထားမှန်းမသိပါဘူး။ )  ဟု ရေးသားဖော်ပြထားခြင်းဖြစ်သည်။

Infinity Group စာမျက်နှာတွင် အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်လှုပ်ရှားမှုများကို ဖော်ပြနေသည့် အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတစ်ခုဖြစ်ပြီး မဟုတ်မမှန်သတင်းများ ဖန်တီးရေးသား ဖြန့်ဝေနေသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)