ရွှေတိဂုံစေတီတော် နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနား ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနား ကျင်းပမည်

 



MNP - ဇွန်   ၁၀



လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၂) လ ရာသီပွဲတော်များအနက် ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်နေ့ ၁၃-၆-၂၀၂၂ (တနင်္လာနေ့) နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယအခါတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါ နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များနာကြားခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ မဟာသမယနေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပ္ပိလဝတ်နှင့် ကောလိယအုပ်စု(၂)ခုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်းတွင် မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တပြိုင်တည်းတီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများပါဝင် ကုသိုလ်ပြုနိုင်ပါရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိ‌ပေးနှိုးဆော်ထား‌ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)