ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်



MNP - ဇွန်   ၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး ဂေဟစနစ်ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ရှိ တပ်မြေဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းမှ စိုက်ပျိုးမည့် အပင်များကို အရာရှိ၊ စစ်သည် မိသားစုများထံသို့ ပေးအပ်ခဲ့ပြီး သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း ဦးစီးသော အရာရှိ၊ စစ်သည်မိသားစု (၁၅၀)ဦး တက်ရောက်ကြပြီး သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် မန်ဂျန်ရှားပင် (၃၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)