နမ့်ဆန်မြို့၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံပေး



MNP - ဇွန်   ၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ  ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ   ယနေ့နံနက်(၉)နာရီ အချိန်တွင်   အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁)ကျောင်းတွင်   အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် တပ်မမှူးဗိုလ်မှူးကြီးမင်းမောင်မှ    ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ/မများက    ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁)ကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/သူ (၂၂၂) ဦးရှိပြီး ကျောင်းသား/သူ (၇၀) ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများအား  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)