MNP ၊ ဇွန် ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊မြလေးချောင် ကျေးရွာအုပ်စု၌ မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့ရသည့် ပြည်သူတစ်ဦးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ငွေများကို ယမန်နေ့ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မိသားစုထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပေါင်မြို့နယ်၊ မြလေးချောင်ကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ထယ်ထိုးနေသည့် မောင်ပိန် မှာ မိုးကြိုးထိမှန် သေဆုံးခဲ့ရာ သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/-)အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှဒုတိယဦးစီးမှုး ဒေါ်အိဖြူ နှင့် တာဝန်ရှိသူတို့က သေဆုံးသူ၏မိသားစုထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြလးချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သေဆုံးသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် လက်ပံကျွန်းကျေးရွာအုပ်စု ကုလားစုကျေးရွာမှ ကမ်းပြိုကျမှုကြောင့် ဦးစိုးမြင့်၏နေအိမ် အတွက် (၁၀၆၃၀ဝိ/-)အား ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment