ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၁၀နှစ်ပြည့် မွေးနေ့ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၁၀နှစ်ပြည့် မွေးနေ့ကျင်းပပြုလုပ်



MNP ၊ ဇွန် ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၇.၆.၂၀၂၂ ရက်နေ့တွင်ကျရောက် သည့် ၁၀ နှစ်ပြည့် မွေးနေ့အခမ်းအနားကို  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီယာယီဥက္ကဌ ဦးရာဇာအေး၊ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးဝေအောင်နှင့်အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့်ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိသည်။

အဆိုပါ မွေးနေ့ပွဲကို နမောတသ(၃)ကြမ်ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ခြင်း၊ ရောက်ရှိလာသည့်ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီ လခံယူခြင်း၊ ဆရာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်နှင့်ကမ္မဝါစာဖတ်ကြားချီးမြှင့်ခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

 ထို့နောက် ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း ဘောဇဉ်အဟာရများဆက်ကပ်လှူဒါန်း သုံးဆောင်စေခြင်း၊ အခမ်းအနားသို့ကြွရောက်လာသူများအား နေ့လယ်စာထမင်း ၊ လက္ဖရည်များဖြင့်ဧည့်ခံကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးကျေးလက်နေပြည်သူများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ရွာချင်းဆက်လမ်း၊ တံတား၊ ရေမြောင်းများတည်ဆောက်ပေးခြင်း၊ အလုပ် အကိုင်အခွင့်အလန်းများရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာပေးသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)