MNP - ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ခရိုင်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျီကုန်းအုပ်စု၊ ဖောင်ကူးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူးဒေါက်တာမှိန်းထန်းဇီးမှ တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းများတွင် လွှတ်ကျောင်းစနစ်မှ အစာကျွေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည် ဖြစ်ကြော်း၊ အစာအဟာရပြည့်ဝသော အထွက်နှုန်းကောင်းသောကြောင့် တိရစ္ဆာန်များ ဖူလုံစွာသုံးစွဲနိုင်မည် ဖြစ်ကြောင် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ကလေးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌဦးလှစိုးနှင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး တိရစ္ဆာန်အစာပင် နေပီယာမြက်ကို ဖောင်ကူးကျေးရွာမှ ဒေါ်ဆွေသန်းပိုင်ဆိုင်သော လယ်မြေ (၁) ဧက(၄၀၀ပင်) စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment