စစ်တွေခရိုင်လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီးစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင်လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီးစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ







MNP ၊ ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာ ကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။

ရှေးဦးစွာ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာစီစာကုံး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များက “မူးယစ်ဆေးဝါးအန္တရာယ်ဝိုင်းဝန်းတိုက်ဖျက်ကြစို့လေ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား စစ်တွေခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်၊ စာရေးဆရာ ကျွန်းသားငမန်း၊ စာရေးဆရာ စစ်တွေသိန်းနောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများ ပြသခြင်းကိုပြုလုပ်ရာ စစ်တွေမြို့၊ အမှတ်(၁၅) အခြေခံ ပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်လေ့လာဖတ်ရှုခဲ့ ကြကြောင်းသိရသည်။ 


သတင်း - မြင့်စိုးဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)