ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်

 




MNP - ဇွန်   ၁၈


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် အဆိုပါ ကမ်းခြေတစ်လျှောက်နှင့် သတ်မှတ်နေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီက စတင်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သည့်ပူပေါင်းအဖွဲ့တို့မှ စုရပ်နေရာအသီးသီးသတ်မှတ်၍ အဖွဲ့များခွဲကာ အဆိုပါပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ဒီရေတက်ချိန်တွင်ပါလာပြီး ကမ်းခြေတွင် တင်ကျန်ခဲ့သော အမှိုက်သရိုက်များနှင့် ပြည်သူများစွန့် ပစ်ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ကျောက်ဖြူမြို့အဝင် WELCOME TO KYAUKPHYU နေရာမှ  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနောက်ဘက် ပင်လယ်ကမ်းခြေအထိလည်းကောင်း၊ ဦးဥတ္တမပန်းခြံအတွင်းတွင် လည်းကောင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။  


ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ကျောက်ဖြူအခြေစိုက် ဗျူဟာမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူအင်အား ၃၀၀ ကျော်တို့မှ  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)