(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမာများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ ပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမာများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ ပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

 


MNP - ဇွန်   ၁၅


(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုနိုင်ငံ့ဂုဏ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်ပေးကြတဲ့ အားကစား သမား၊ နည်းပြ၊ အုပ်ချုပ်သူများနဲ့ တာဝန်ရှိသူများအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင်စွမ်းဆောင်ပြီး တိုင်းဒေသကြီးနဲ့ နိုင်ငံ့ရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက် ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း။


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးရဲ့ အားကစားအဆင့်အတန်း မြင့်မားရန်အတွက် ဘက်ပေါင်းစုံကနေ အထူးအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်တွေကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားတစ်ခုခုကို ကစားကြရန်လိုအပ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် အားကစားကွင်း/အားကစားရုံတွေ ပြည့်စုံစေရန်အတွက် နှစ်စဉ်ဘက်ဂျက်တွေ တိုးမြှင့်ခွင့်ပြုပေးပြီး အားကစားကွင်း၊ အားကစားရုံ များကို တိုးချဲ့တည်ဆောက် ပေးလျက်ရှိပါကြောင်း။


တိုင်းဒေသကြိးအတွင်းရှိ ပြည်သူများအားလုံး ကိုယ်လက်လှုပ်ရှား ကစားခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး Outdoor Fitness များ တပ်ဆင်ပေးလျက်ရှိရာ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် Outdoor Fitness အစုံ ၄၄၀ အထိ တပ်ဆင်ပေးနိုင်ခဲ့ပြီး မြို့နယ်အားလုံးမှပြည်သူများ ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားကစားနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဗိယက်နမ်နိုင်ငံတွင် ကျင်းပ ပြုလုပ်သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များတွင် ပြေးခုန်ပစ်၊ ဖူဆယ်အားကစားနည်းများ၌ ဆုများရရှိခဲ့ကြသော ထူးချွန်အားကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအား ပေးအပ်ချီးမြင့်ခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်က ဗိယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ် သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ပိတန်း၊ ဂေါက်သီးရိုက်နှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းများ၌ ဆုများရရှိခဲ့ကြသော ထူးချွန်အားကစား သမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲ များတွင် ဆုရရှိခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြင့်ကြပြီး တိုင်းဒေသကြီး ပညာရေးမှူးက အလေးမအသင်းနှင့် လက်ဝှေ့အသင်း များမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများထံ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ကြသည်။


ဆက်လက်၍ ဆုများရရှိခဲ့ကြသော အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဆုချီးမြင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ပြီး လဘက်ရည်ပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


အဆိုပါ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ် စုစုပေါင်း - ၁၀၇ သိန်းအား ပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)