အစိုးရ စက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ ပထမနှစ်(ဒုတိယနှစ်ဝက်) တတိယနှစ် သင်တန်းသားများ စတင်ပညာသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရ စက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ ပထမနှစ်(ဒုတိယနှစ်ဝက်) တတိယနှစ် သင်တန်းသားများ စတင်ပညာသင်ကြား





MNP - ဇွန်   ၉


လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန   နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်းဖွင့်လှစ်၍ ပထမနှစ်(ဒုတိယနှစ်ဝက်) တတိယနှစ်သင်တန်းသားများ စာသင် ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါ GTI (လပွတ္တာ)ကျောင်းတွင် မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင် နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း စသည့် အထူးပြုဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ  (လပွတ္တာ)အနေဖြင့် ကျောင်းသား/သူများ သင်ကြား/သင်ယူမှုများ အဆင်ပြေစေရန်အတွက် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊  အလုပ်ရုံများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်း၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်းထားရှိခြင်း၊ အင်တာနက် အသုံးပြုနိုင်ရေး Wifi များ တပ်ဆင်ထားရှိခြင်း၊ တက်‌ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။


AGTI ဒီပလိုမာ(၃)နှစ်သင်တန်း ထူးချွန်စွာအောင်မြင်ပါက နည်းပညာတက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့ (B.E)သင်တန်းများနှင့် အစိုးရနည်းပညာကောလိပ်များတွင် ဖွင့်လှစ်မည့် အင်ဂျင်နီယာနည်းပညာဘွဲ့ (B.Tech)သင်တန်းများသို့ သတ်မှတ်ထားသည့် ဝင်ခွင့် စံသတ်မှတ်ချက်များနှင့် ပြည့်မီပါက ဆက်လက်တက်‌ရောက်နိုင်ပြီး AGTI ဒီပလိုမာ(၃)နှစ်သင်တန်း ပြီးဆုံးပါက လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ပါကြောင်း၊ ကျောင်း၏ Infrastructure တိုးတက်ပြည့်စုံနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသဖြင့် မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် နည်းပညာနှင့်သက်မွေးပညာ သင်တန်းများကို ပို့ချလျက်ရှိကြောင်း၊ ယခုနှစ်တွင် တက်ရောက်ပညာသင်ကြားသူ (၁၀၀)ဦးရှိကြောင်း GTI ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)