ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က(၃)၌မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က(၃)၌မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ




MNP - ဇွန်   ၁၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေပညာအထက်တန်းကျောင်းဝန်းတွင်းရှိ မူလတန်းဆောင်နှင့် ပင်မဆောင်ကြားရှိ မြေကွက်လပ်၌ ကျင်းပခဲ့သည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင်  ပညာရေးဝန်ကြီးဋ္ဌာန ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့်အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် မဟော်ဂနီ၊ ပိတောက်၊ သစ်ယာ၊ ကျွန်းရွှေဝါပါ နှစ်ရှည်ပင် (၃၀၀) ပင်တို့ အားစိုက်ပျိူးခဲ့ကြောင်း သတင်းရရှိသည်။


အခမ်းအနားသို့ ပညာရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုဝန်ကြီးဦးဇော်ဝင်း၊ ဥတ္တခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဥတ္တခရိုင် ယာယီအုပ်ချူပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊  ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် ကျောင်းအုပ်ဆရာ/မများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ စုစုပေါင်း (၃၀၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)