ပြင်ဦးလွင်မြို့နယ်တွင် ရှေးဦးသူနာပြုစုခြင်းအခြေခံ (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်တွင် ရှေးဦးသူနာပြုစုခြင်းအခြေခံ (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ



MNP - ဇွန်   ၁၅


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးသူနာပြုစုခြင်းအခြေခံ (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပြင်ဦးလွင်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က  “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးနှင့် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်းအခြေခံ (မွမ်းမံ) သင်တန်းသို့ သင်တန်းသား ၃၀ ဦးက တက်တက်ကြွကြွဖြင့် အချိန်ပြည့် ပါဝင်တက်ရောက်ပေးခဲ့ကြသည့်အတွက် သင်တန်းသား/သူများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် ပညာရပ်များကို လက်တွေ့ဆောင်ရွက်နေသော လူမှုကူညီရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချပြီး မိမိတို့ ပတ်ဝန်းကျင်တွင်လည်း သင်တန်းမှရရှိသော ဗဟုသုတအတွေ့အကြုံများကို ပြန်လည်မျှဝေ ဆောင်ရွက်ပေးစေလိုကြောင်း ’’ ပြောကြားသည်။


ထို့နောက် ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးတို့က သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းဆင်း ဂုဏ်ပြုဆုလက်ဆောင်များကိုပေးအပ်ရာ သင်တန်းသား /သင်တန်းသူများက လက်ခံရယူသည်။


အဆိုပါသင်တန်းသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများမှ အဖွဲ့ဝင်များ၊ ကြက်ခြေနီအရန်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ဇွန်လ (၁၃) ရက်နေ့ မှ (၁၄) ရက်နေ့အထိ ရှေးဦးသူနာပြုစုခြင်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)