MNP ၊ ဇွန် ၂၇
ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အထက( မြို့မ) စုပေါင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးမြမင်းထွန်း က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် များကို မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးမြမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် တို့က အားကစားပစ္စည်းများ လှူဒါန်းရာ တာဝန်ရှိ ဆရာ ဆရာမများက လက်ခံကြသည်။
ဆက်လက်ပြီး ကျောင်းရှေ့ကွင်းပြင်၌ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment