မုံရွာမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ အမျိုးသမီး ၂ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ အမျိုးသမီး ၂ဦး ဖမ်းဆီးရမိ


MNP ၊ ဇွန် ၂၅

ဇွန်လ ၂၃ ရက်နေ့ ၁၂ ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးရောင်းဝယ်သူ အမျိုးသမီး ၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းတွင် မဒဲ့ဒဲ့ စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင် လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ပြားနှင့် လက်ကိုင်ဖုန်း  ၁ လုံးတို့အား လည်းကောင်း၊ ဆက်လက်၍ ၁၂ ၂၅ အချိန်  ၎င်းနေထိုင်သည့် မုံရွာတောင်ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၈၅၀ ပြား၊ စုစု ပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၄၅၂၄၀ ပြား(ဒေသ  ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၃၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ၁၃ ၁၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်ဖြစ်သူ ထန်းတောရပ်ကွက်ရှိ နိုင်ထူးအောင်(ခ) အငယ်လေး နှင့် မဆုစန္ဒာထွန်း တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နိုင်ထူးအောင်(ခ)အငယ်လေး အား မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မဆုစန္ဒာထွန်း အား လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိဖြစ်စဉ်နှင့် ပတ်သက်၍ မဒဲ့ဒဲ့(၃၇)နှစ်၊ မဆုစန္ဒာထွန်း(၃၁)နှစ် နှင့် နိုင်ထူးအောင် (ခ)အငယ်လေး တို့အား မုံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)