MNP - ဇွန် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် အသက်(၅)နှစ်မှ၁၂နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံရန်ကျန်ရှိနေသေးသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်က မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေါ်ညိုညို(PHN)မှကြီးကြပ်၍ သူနာပြုဆရာမများက ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ကျော်သူရ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment