မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာ

 



MNP - ဇွန်   ၁၇                       


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မဘိမ်းမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနနှစ်ခုဖြစ်သည့် အထက(မဘိမ်း)နှင့် အထက(ငါးအိုး)တို့တွင် ကပ်နှံထားရာ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


မဘိမ်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနနှစ်ခုမှ ကျောင်းသား၊ ကျောင်းသူ ၃၂၃ ဦး ဝင်ရောက်ဖြေဆိုရာ ကျောင်းသား၊ကျောင်းသူ ၁၂၇ ဦး အောင်မြင်ကာ (၃)ဘာ သာဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၇)ဦး နှင့် ရိုးရိုးအောင် မြင်သူ(၆၈)ဦးရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၃၉.၃၂ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  


သတင်း - မျိုးမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)