MNP - ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်၍ တောင်သူများနှင့် ဘက်စုံအဆင့်မြင့် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းမြက ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရာ၌ နည်းလမ်းမှန်ကန်စွာ စိုက်ပျိုးတတ်စေရန်၊ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးကြစေရန်၊ ပိုးသတ်ဆေးပေါင်းသတ်ဆေး စနစ်တကျ အသုံးပြုတတ်စေရန်၊ မျိုးစေ့ပါထုတ်နိုင်အောင် စိုက်ပျိုးအောင် စိုက်ပျိုးနိုင်စေရန်၊ ကျိုင်းပိုးအန္တရာယ်ကင်းဝေးစေရန်၊ ကျရောက်လာသည့်အနေအထားကို အချိန်မီ စိုက်ပျိုးရေးဌာနနှင့် ညှိနှိုင်းဆွေးနွေးတတ်စေရန်၊ တောင်သူတစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်၊ တစ်ဧက တင်းတစ်ရာထွက်စေရန် သေချာစနစ်တကျ စိုက်ပျိုးတတ်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရေဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းက ဘက်စုံ စံပြကျေးရွာရွေးချယ်ထားသည့် နတ်တွင်းကျေးရွာနှင့်မင်းဒပ်ကျေးရွာတို့တွင် မြန်မာ့ GAP တွင် ပါဝင်သည့် ကဏ္ဍကြီး (၄)ရပ်နှင့်အညီ ဆောင်ရွက်မည့် အခြေအနေကို ပို့ချဆွေးနွေးပြီး တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲက ဦးစီးအရာရှိဒေါ်သန်းသန်းအေးက သဘာဝမြေဩဇာ အမျိုးမျိုးပြုလုပ်သုံးစွဲခြင်း၊ စနစ်တကျ သုံးစွဲခြင်းနည်းလမ်းကို ပို့ချ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ နတ်တွင်းကျေးရွာနှင့် မင်းဒပ်ကျေးရွာ တောင်သူ (၃၀)ဦးတို့က တစ်ရက်တာ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment