ဖြူးမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက (၅၈၉)ဧကအတွက် ချေးငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက (၅၈၉)ဧကအတွက် ချေးငွေများ ထုတ်ချေး



MNP - ဇွန်   ၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစိုက်ပျိုးနိုင်စေရန်အတွက် ရည်ရွယ်ကာ တောင်သူများအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ချေးပေးရာတွင် ဖြူးမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ညိုညိုသန်းက နိုင်ငံတော်က တောင်သူများအဆင်ပြေစေရေးအတွက်အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၏ရည်ရွယ်ချက်များ၊ စိုက်ပျိုးမြေဧကအလိုက် ချေးငွေ နှုန်းထားများ၊ စိုက်ပျိုးရေးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲရေးအတွက် ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက ချောင်းကောက်ကျေးရွာအုပ်စု၊ ရေသျှံကြီး ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ အုပ်စု၊ ကြူအင်းကျေးရွာ အုပ်စုများရှိ တောင်သူ(၉၉)ဦး၊ စိုက်ပျိုးဧက (၁)ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းဖြင့် စိုက်ပျိုးဧက (၅၈၉)ဧကအတွက် ငွေကျပ် (၈၈၃)သိန်း(၅)သောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေမှာတစ်နှစ်လျှင် အတိုး (၅)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။  


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)