ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုအားပေး










MNP ၊ ဇွန်  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူမြို့ရှိ  အခြေခံပညာကျောင်းများစတင်ဖွင့် လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့သည်။


ထိုသို့လှည့်လည်ကြည့်ရှုရာတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း၊ ခရိုင်ဆရာဝန်ကြီး ဒေါက် တာရဲလွင်မောင်နှင့် ဌာနဆိုင်ရာများ၊၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများပါဝင် သည့် ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်ရှိ အထက(၁)၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အထက(၂)၊ အစိုးရရပ်ကွက်ရှိ အထက(၃)နှင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား လှည့်လည်ကြည့် ရှုပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား သွား‌ရောက်ကြည့်ရှုကာ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။


 အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာယကံရှင်နှင့် မိဘအုပ်ထိန်းသူများ၏ သဘောတူညီမှုခွင့်ပြုချက်ရရှိမှသာ အဆိုပါကာကွယ်ဆေးအား ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဆေးထိုးနှံခြင်းမပြုမီ ကျောင်းသား၊ကျောင်းသူ များကို ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ဆေးအားထိုးနှံပေးခြင်းဖြစ်ကာ ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဆေးထိုးနှံမှုပြီးပါက သတ်မှတ် နေရာများတွင် မိနစ်(၃၀)ခန့်စောင့်ကြည့်ခြင်းကို ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၆)ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း(၅)ကျောင်း၊ အလယ်တန်းလေ့ကျင့်ရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၅၄)ကျောင်းရှိကာ အခြခံပညာမူလတန်းတွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ (၁၆၅၃၉)ဦး၊ အခြခံပညာအလယ်တန်းတွင် (၇၀၀၆)ဦးနှင့် အခြေခံပညာအထက်တန်းတွင် (၃၇၈၃)ဉီးရှိကာ စုစုပေါင်းတက်ရောက်ကျောင်းသား၊ ကျောင်းသူ (၂၇၃၈၂)ဦးရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)