ဘူးသီးတောင်မြို့နယ် စက်မှုသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် စက်မှုသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ


MNP ၊ ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်( ၈)နာရီအချိန်က ဘူးသီးတောင်မြို့နယ်ကွန်တိုင်ကျေးရွာအုပ်စု၊နန်းရာကုန်းကျေးရွာအနီးရှိ စက်မှုသင်တန်းကျောင်းဝန်းအတွင်း၌၂၀၂၂-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့်အရာရှိ၊အရာခံ၊တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်နှင့်ဝန်ထမ်းများမှ ကျွန်း၊ပျဉ်ကတိုး၊ မန်ဂျန်ရှား၊ မယ်ဇလီ ပျိုးပင်များအားပေးအပ်ရာဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့် တာဝန်ရှိသူများလက်ခံရယူခဲ့ကြပြီးသက်မှတ်နေရာ များတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 အဆိုပါမိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် ကျွန်း( ၃၀၀)၊မန်ဂျန်ရှား(၁၅၀) ပင်၊ပျဉ်ကတိုး( ၂၅၀)ပင်၊ မယ်ဇလီ( ၅၅၀)ပင်စုစု ပေါင်း ( ၁၂၅၀)ပင်တို့အားသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့်အရာရှိ၊အရာခံ၊တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ပြည်သူများတက်စုစုပေါင်း(၁၇၈)ဦးခန့်တက်ရောက်ပြီးတပျော်တ ပါးစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)