MNP - ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ "၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်" အရ နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဗျိုက်အုပ်စု၊ ကုက္ကိုစုကျေးရွာရှိ တောင်သူ ဦးအေးနိုင်၏ လယ်မြေဧက (ဝ.၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးကျော်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာရီ၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်တင်မိုးဝေ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ ကြည်ကြည်မြင့်နှင့် ဝန်ထမ်းများ၊ နေပီယာမြက်စိုက်ပျိုးသူ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်ကြည်မြင့်က တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းသည် တိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ကူးပြောင်းမွေးမြူလာစေရန်၊ အစာရှားပါးချိန်တွင် အစာအာဟာရ ဖူလုံစွာရရှိစေရန်၊ အာဟာရပြည့်ဝသော အစာများကျွေးမွေး၍ ထုတ်လုပ်မှုစွမ်းအား မြင့်မားပြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ နေပီယာမြက်(၁)ဧက စိုက်ပျိုးထားပါက နွားမ (၁၀)ကောင် မွေးမြူနိုင်ကြောင်း သိရှိရသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment