MNP ၊ ဇွန် ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့်(၁၂)ကြားရှိ ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ကျောင်းစုရပ်နေရာ များတွင် ထိုးနှံပေးလျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင်ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကျောင်းဆရာ၊ ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်း များက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိအသက်(၅) နှစ်နှင့်(၁၂)ကြားရှိ ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းသွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေခဲ့ကြောင်းသိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment