သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး "ထက်ဧရာ" ဓာတ်မြေဩဇာ အရောစက်ရုံသို့ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး "ထက်ဧရာ" ဓာတ်မြေဩဇာ အရောစက်ရုံသို့ ကြည့်ရှုစစ်ဆေး





MNP - ဇွန်  ၁၇


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ အရှေ့ကျွဲလမ်း ကျေးရွာရှိ “ထက်ဧရာ” ဓာတ်မြေဩဇာ(အရော)စက်ရုံသို့ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ရောက်ရှိခဲ့ကြသည်။


ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးအား “ထက်ဧရာ” ဓာတ်မြေဩဇာ(အရော) စက်ရုံမှူး ဦးဆန်းမောင်က စက်ရုံသည် ၂၀၂၁ ခုနှစ် ကထဲက လည်ပတ်မှုမရှိတော့ကြောင်း၊ ယခင်က ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကာလမှာ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြန်လည်၍ လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဓာတ်မြေဩဇာ(အရော)စက်ရုံအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)