အပြစ်မဲ့ သံဃာတော်များနှင့် ပြည်သူရာပေါင်းများစွာ သတ်ဖြတ်ခဲ့သော အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်နှင့် ကျော်မင်းယု(ခ) ဂျင်မီ ကို သေဒဏ်စီရင်သည့်အပေါ် ပြင်သစ်သံရုံးက ကန့်ကွက်စာထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြစ်မဲ့ သံဃာတော်များနှင့် ပြည်သူရာပေါင်းများစွာ သတ်ဖြတ်ခဲ့သော အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်နှင့် ကျော်မင်းယု(ခ) ဂျင်မီ ကို သေဒဏ်စီရင်သည့်အပေါ် ပြင်သစ်သံရုံးက ကန့်ကွက်စာထုတ်ပြန်


MNP ၊ ဇွန် ၄ 

မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန်နှင့် လက်နက်ကိုင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများကို ဦးဆောင်ခဲ့သည့် အကြမ်းဖက်ခေါင်းဆောင် ၂ဦးဖြစ်သည့် NLD ပါတီမှ လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော် (ခ) မောင်ကျော် နှင့် ၈၈ ပွင့်လင်းမှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီ တို့အား သေဒဏ်စီရင်ခဲ့သည့်အပေါ် ပြင်သစ် သံရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။


ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်အစိုးရက ကိုဂျင်မီလို့ လူသိများသောစာရေးဆရာ ကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ ကြေညာခဲ့ခြင်းကို ပြင်သစ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း၊ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံ ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း သေဒဏ်ပေးဆောင်မှုနှင့်ပတ်သက်၍ အနှစ်သုံးဆယ်ကျော်ရှိနေသည့် ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းသည် ကြီးမားသောဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် နေရာတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် အဆက်မပြတ် သေဒဏ်ကို ဆန့်ကျင်ကြောင်း  ထပ်လောင်း အတည်ပြုလိုကြောင်း ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက "ပြင်သစ်နိုင်ငံ သံရုံးရဲ့ ထုတ်ပြန်ချက်ကို ကြည့်လိုက်ရင် တစ်ဖက်သတ် ပြစ်တင်ပြောဆိုထားတာကို တွေ့ရလိမ့်မယ်။ ဇေယျာသော်၊ ဂျင်မီ တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကိုကြတော့ သူတို့ မပြောဘူး။ အပြစ်မဲ့ ရဟန်းသံဃာတော်တွေ၊ ဆရာ/ဆရာမ တွေ၊ အပြစ်မဲ့ ပြည်သူ ရာပေါင်းများစွာ ကို သတ်ခဲ့တဲ့ ဇေယျာသော်၊ ဂျင်မီတို့က သူတော်ကောင်းကြီးတွေ ဖြစ်ပြီး လူပေါင်းများစွာကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့ သူတွေကို သေဒဏ်စီရင်တော့မှ အသံထွက်လာတယ်ဆိုတာ အနောက်အုပ်စုဟာ မြန်မာပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သွေးခွဲ ရန်တိုက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါမျိုး ထုတ်ပြန်တာကို ပြတ်ပြတ်သားသား ကန့်ကွက်ကြရမယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အနောက်အုပ်စုရဲ့ လက်ပါးစေ NLD ပါတီကနေ ပေါက်ဖွားလာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ဒီထက် ပိုပြီး ယုတ်မာပက်စက်လာကြလိမ့်မယ်။ နစက အနေနဲ့ ဒီထက်ပို ပျော့ပျောင်းနေရင် တိုင်းပြည်ပါ ပျက်လိမ့်မယ်။ ပြတ်သားသင့်တဲ့ ကိစ္စ ပြတ်ပြတ်သားသား လုပ်တော့မှ ရမယ်လို့ မြင်တယ်။ အသိတရားရလေမလားလို့ ချော့ခဲ့တဲ့ ကာလဟာ ကြာရှည်လွန်းသွားပြီ။ အလုပ်မဖြစ်ဘူး။ ဇေယျာသော်၊ ဂျင်မီတို့ဟာ သာမန်ရာဇဝတ်လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အညှိုးအတေး ရှိလို့ ဖြစ်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ဘူး။ ပြည်သူအမြောက်အများကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ သတ်ဖြတ်ခဲ့ကြတာလေဗျာ။ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုသာ စီရင်မယ်ဆိုရင် ကြိုးကို ဆယ်ခါပြန်ပေးသင့်တယ်။" ဟု သုံးသပ် ပြောဆိုသည်။

၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက်သမားများနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ထားသော်လည်း သေဒဏ် စီရင်ခြင်း ရှိ/ မရှိ မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြစ်မှုနှင့် ထိုက်တန်သော ပြစ်ဒဏ်ပေးမှာဖြစ်ကြောင်း ပြောကြားထားသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများက သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့်အပေါ် "သူတို့က တော်လှန်ရေးမဟုတ်တော့ဘူး။ သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေ အလိုကျ လုပ်နေကြတာ။ နိုင်ငံရေး မကျေနပ်ချက်ဟာ သံဃာတော်တွေ၊ ဆရာ/ ဆရာမတွေကို အပြစ်ရှာစရာလား။ သူတို့ သတ်လို့ သံဃာတော်တွေ ၄၈ ပါးအထိ သေဆုံးခဲ့ရပြီ။ ဒါက တရားဝင် သတင်းတွေအရ၊ လူမသိ သူမသိ အသတ်ခံရတာတွေလည်း ရှိနေမှာပဲ။ အဲဒီလို ယုတ်မာပက်စက်တဲ့ အကြမ်းဖက်သမားတွေကို ချော့နေလို့၊ မေတ္တာထားနေလို့ ရှိရင် အပြစ်မဲ့ ရဟန်းသံဃာတော်တွေ၊ ဆရာ/ ဆရာမတွေကို သတ်ချင်သလို သတ် ထိုင်ကြည့်နေရမှာလား။ NLD အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်နေတဲ့ ကာလတစ်ယောက် ဘယ်နိုင်ငံတကာ သံရုံးကမှ ကန့်ကွက်တာ မတွေ့ရဘူး။ ဒါက အနောက်အုပ်စုအနေနဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားတွေဘက်ကနေ တစ်ဖက်သတ် ရပ်တည်ဆိုတာ ထင်ရှားပါတယ်။ ဒါတွေကို အရေးလုပ်နေရင် တိုင်းပြည်က ဘယ်တော့မှ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ရောက်မှာ မဟုတ်တော့ဘူး။" ဟု ပြောဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်ပသြဇာခံ လက်ပါးစေ NLD အစွန်းရောက် အကြမ်းဖက်သမားများကို များစွာ ငဲ့ညှာထောက်ထားခဲ့ခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၂၇၀၀ ဝန်းကျင်အထိ အကြမ်းဖက်သမားက နည်းမျိုးစုံဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)