မိုင်းပျဉ်းမြို့၌ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၌ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

 




MNP - ဇွန်   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမ (Community Centre)၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက သင်တန်းအဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တပ်စုမှူး နည်းပြဦးမင်းအောင်က ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားကာ သင်တန်းကိုစတင်ဖွင့်လှစ်သင်ကြားပါသည်။


အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့မှ နည်းပြနှင့်တွဲဖက်နည်းပြနှစ်ဦးတို့က ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်း သဘောတရားအတွေးအခေါ်များနှင့် ရှေးဦးပြုစုနည်းစနစ်များကို စာတွေ့၊လက်တွေ့သရုပ်ပြနည်းတို့ဖြင့် ၁၈−၆−၂၀၂၂ရက်နေ့မှ ၁၉−၆−၂၀၂၂ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - နန်းသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)