ရသေ့တောင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၅)နှစ်နှင့်(၁၂)ကြား ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၅)နှစ်နှင့်(၁၂)ကြား ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး







MNP ၊  ဇွန်   ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့်(၁၂)ကြားရှိ ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၉ နာရီမှစ၍ ကျောင်းစုရပ်နေရာ များတွင် ထိုးနှံပေးလျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင်ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ  ကျောင်းဆရာ၊ ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်း များက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိအသက်(၅) နှစ်နှင့်(၁၂)ကြားရှိ ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းသွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေခဲ့ကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)