ဆွမ်ပရာဘွမ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေသားပြိုကျမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေသားပြိုကျမှုဖြစ်ပွား



MNP - ဇွန် ၁၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဝါစပ်ခူးရပ်ကွက်တွင် မြေသားပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မြေသားပြိုကျမှုများကြောင့် လမ်းသွားလမ်းလာ ပြည်သူများနှင့် မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမကြီး ပေါ်သို့ သွားလာနေကြသည့် ယာဉ်ကြီးယာဉ်ငယ်များ ရပ်တန့်မှုမရှိစေ ရေးအတွက် ဆွမ်ပရာဘွမ်မြို့နယ် မီးသတ်ဦးစီး ဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်ဖန်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ပြိုကျထား‌သော မြေသား များနှင့် သစ်ကိုင်းသစ်ခက်များအား ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဟင်နရီမီးကိုဆာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)