ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP ၊ ဇွန်   ၂၀

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်(အကြို)ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ  ယနေ့ နံနက်  ၁၀ နာရီက သံတွဲ မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်ကဟောပြောပွဲနှင့် ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဖွံ့  ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေမှုများမိမိတို့ဌာနအနေဖြင့် ပြည်သူလူထုအတွက်ဝန်ဆောင် မှုပေးနေသည့်လုပ်ငန်းများအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့်ဆောင်ရန်၊ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်လတ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)