ဟိုင်းကြီးကျွန်းမြို့တွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး



MNP - ဇွန်   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ဇွန်လ ၁၇ ရက်နေ့နံနက် ၆ နာရီခွဲ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂) ရပ်ကွက်နှင့်အမှတ် (၁)ရပ်ကွက်ဈေး၌ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ ကြာသာပတေးနေ့များ၌ ရပ်ကွက်အလိုက် အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဈေးနှုန်းသက်သာပြီး လတ်ဆတ်သည့် ဟင်းသီး ဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများအနေနှင့်လည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိ ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်  


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)