ကျိုက်ထိုမြို့နယ်တွင် မိုးတွင်းကာလ လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးတွင်းကာလ လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း



MNP ၊ ဇွန် ၁

ကျိုက်ထိုမြို့နယ်အတွင်းမိုးတွင်းကာလ တွင်အများပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဇွန် ၁ ရက်နံနက် ၈ နာရီကမြို့ပေါ်ရပ်ကွက်(၆)ရပ် ကွက် နှင့်ဖက္ကလိပ်ကျေးရွာတို့ ၌လျှပ်စစ်မီးကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအားခုတ်ထွင်ရှင်းလင်းပေး ခဲ့ကြသည်။

ယင်းသို့ရှင်းလင်းပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊မြိုနယ်လျှပ်စစ်၊မြိုနယ်မီးသတ် တပ်ဖွဲ့ တို့မှ လျှပ်စစ်ကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်း များအားခုတ်ထွင်ရှင်းလင်းပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့်သစ်ကိုင်းများ၊အမှိုက်သရိုက် များကို စနစ်တကျ ရှင်းလင်း စွန့်ပစ် ခဲ့ကြကြောင်းသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)