ရေတာရှည်မြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး





MNP - ဇွန်   ၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင်  အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။


ရေတာရှည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက် (၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့ (၂၃)ဖွဲ့ဖြင့် အခြေခံပညာကျောင်းများသို့  သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)