မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် တည်‌ဆောက်ရေးလုပ်ငန်းများ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် တည်‌ဆောက်ရေးလုပ်ငန်းများ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး












MNP ၊ ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ် တော်တွင် တွင်တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံးကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရန် ဆောင်ရွက်ပြီးစီးနေမှု အခြေအနများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိကြီး များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ယခင်ရောက် ရှိစစ်ဆေးစဉ် စစ်ဆေးတွေ့ရှိချက်၊ လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရေပန်းဝိုင်းနှင့် ကျောက်စာရုံစေတီများ တည်ဆောက်နေမှု၊ ပိဋကတ်သုံးပုံ ကျောက်စာ များကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရေးထွင်းလျက်ရှိမှု၊ နဂါးရုံဘုရားအား ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန်မိန့်ကြားချက်များနှင့်အညီ တည်ထားကိုကွယ် ရန် ဆောင်ရွက်လျက်ရှိမှု၊ ပိဋကတ်သုံးပုံကျမ်းစာများကို ပုံနှိပ်ထုတ်ဝေ၍ လှူဒါန်း မှုများ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် နေရာသည် ဘုရား၊ သိမ်၊ ကျောင်း၊ ကန်၊ တံတားနှင့် မြောင်းများ ပြည့်စုံစွာပါဝင်သည့် နေရာ တစ်ခုဖြစ်ကြောင်း၊ နဂါးရုံဘုရားကို တည်ထားကိုးကွယ်ရာတွင် ဆရာတော် ဘုရားကြီးများ၏ လမ်းညွှန်မိန့်ကြားချက်များနှင့်အညီ တည်ထားကိုးကွယ်ရန်လို သကဲ့သို့ ပိဋကတ်တော်လာစာပေကျမ်းဂန်များနှင့်လည်း ကိုက်ညီရန်လိုကြောင်း၊ ပိဋကတ် သုံးပုံကျမ်းစာများကို ထုတ်ဝေရေးဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့် အတန်းမီသည့် ပုံနှိပ်ထုတ်ဝေမှုမျိုးဖြင့် ခန့်ညားထည်ဝါမှုရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပိဋကတ်သုံးပုံကျမ်းစာအုပ်များကို လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်း နိုင်ရေးအတွက်လည်း အသိပေးနှိုးဆော်ရမည်ဖြစ်ကြောင်း၊ ပိဋကတ်သုံးပုံ ကျောက်စာချပ်များထားရှိမည့် ကျောက်စာရုံစေတီများ ရာသီဥတုဒဏ် ခံနိုင်ရေးနှင့် ကျောက်စာချပ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်ကတည်းက တာဝန်ရှိသူများက စနစ်တကျကြပ်မတ် ဆောင် ရွက်နေရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ပလ္လင်တော်အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ကျောက်စာချပ်များကို ခေတ်မီ စက်ကိရိယာဖြင့် ထွင်းထုနေမှု၊ ရတနာပုံခေတ်ဟန် မင်္ဂလာတံတားတည်ဆောက် ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒာအိုင်နှင့် ကျောက်စာရုံများတည် ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ကျောက် တုံးတော်ကြီးများသယ်ယူမှု၊ ကျောက်တုံးတော်ကြီးများကို CNC စက်ကြီးများဖြင့် ထုဆစ်မှု၊ ကျောက်စာရုံစေတီများ တည်ဆောက်မှု၊ ကျောက်စာချပ်များကို CNC စက်ကြီးများဖြင့်ထုဆစ်မှု၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမ သိမ်တော်ကြီး၊ မုစလိန္ဒာအိုင်၊ ရေပန်းဝိုင်း၊ ရတနာပုံခေတ်ဟန် မင်္ဂလာတံတားနှင့် အခြားဆက်စပ်သည့် တည်‌ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ချိန်မှ ယနေ့ အထိ  တည်ဆောက်ပြီးစီးမှုမှာ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)