ဂွမြို့တွင် မူးယစ်၊ ဆဲဆိုရိုင်းကားသည့် သားဖြစ်သူအား ဖခင်အရင်းမှ သံတူရွင်းဖြင့် ရိုက်သတ်မှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် မူးယစ်၊ ဆဲဆိုရိုင်းကားသည့် သားဖြစ်သူအား ဖခင်အရင်းမှ သံတူရွင်းဖြင့် ရိုက်သတ်မှု ဖြစ်ပွား



MNP ၊ ဇွန်  ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ အလယ်ရွာတွင် ဇွန်လ(၂၄)ရက်နေ့ ညပိုင်းက မူးယစ်၊ ဆဲဆိုရိုင်းကားသည့် သားဖြစ်သူအား ဖခင်အရင်းမှ သံတူရွင်းဖြင့် ရိုက်သတ်မှု ဖြစ်စဉ်တစ်ခု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂွမြို့၊ မြို့မရပ်ကွက်၊ အလယ်ရွာတွင် နေထိုင်သူ ဖိုးလပြည့်(၂၀)နှစ် ဆိုသူမှာ ရဟိုင်ကွင်းကျေးရွာရှိ ဘောလုံးပွဲမှ ပြန်လာစဉ် ၎င်း၏ မိခင်ဖြစ်သူက သူမ၏ အဖေဖြစ်သူနှင့် သူမ၏ မောင်ဖြစ်သူတို့ ရန်ဖြစ်နေကြောင်း၊ ၎င်းအားသွားကြည့်ရန် ပြောဆိုသဖြင့် မြို့မရပ်ကွက်၊ အလယ်ရွာ၊  ရဟိုင်ကွင်းဆည် တစ်ဖက်ကမ်းသို့ လိုက်သွားခဲ့ကြောင်း၊ ဆည်တစ်ဖက်ကမ်းသို့ ရောက်သောအခါ ၎င်း၏ ဦးလေးတော်သူ ခွန်ဆာ(ခ)စိုးပိုင်ဖြိုး(၂၄)နှစ်မှာ တဲအရှေ့ ရေစပ်တွင် မှောက်လျက်လဲလျက် ချိုစောင်း၊ ဦးခေါင်း၊ နဖူးနှင့်မျက်လုံး မျက်ခုံးတို့တွင် ပေါက်ပြဲဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို တွေ့ခဲ့ရကြောင်း၊ သေဆုံးရခြင်းအကြောင်းရင်းကို အဘိုးဖြစ်သူအား မေးမြန်းကြည့်ရာ အဘိုးဖြစ်သူ ဦးဖိုးချို(၆၅)နှစ်မှာ တဲဘေးရှိ ဆူးပုပ်ပင်များမှ ဆူးပုပ်ရွက်များခူးနေစဉ် သားဖြစ်သူ ခွန်ဆာ(ခ)စိုးပိုင်ဖြိုး(၂၄)နှစ်သည် အရက်အလွန်အကျွံ သောက်စားမူးယစ်ကာ ရောက်ရှိလာပြီး ၎င်း၏မိခင်ဖြစ်သူကို မူးယစ်ရမ်းကားသည့် အပြင် "ခွေး----မ၊ငါ---မ"ဖြင့် ဆဲဆိုကာ ခြေထောက်ဖြင့် ကန်ကြောက်နေသဖြင့် စိတ်မထိန်းနိုင်တော့ဘဲ သားဖြစ်သူအား တဲအရှေ့တွင် ထောင်ထားသည့် အရှည် ၃ပေ ၄လက်မခန့်ရှိ သံတူရွင်းဖြင့် ဦးခေါင်းကို နှစ်ချက်ရိုက်ခဲ့ရာ ထိုဒဏ်ရာများနှင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖိုလပြည့်သည် ဦးလေးဖြစ်သူအား သံတူးရွင်းဖြင့် ရိုက်သတ်ခဲ့သည့် အဘိုးဖြစ်သူ ဦးဖိုးချိုအား ဥပဒေအရ အရေးယူပေးပါရန် ယမန်နေ့က  မြို့မရဲစခန်းတွင် တရားလိုပြု တိုင်တန်းသဖြင့် ရာဇသတ်ကြီးပုဒ်မ (၃၀၂)အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)