MNP ၊ ဇွန် ၂၄
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ စေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက သာဇေကျေးရွာအုပ်စု ၊ကံချောင်းကျေးရွာ ဒေသခံပြည်သူများအား (သတ္တမ) အကြိမ်ပြန်လည်ထုတ်ချေးပေးသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေးနေမှုကို ပေါက်တောမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် ဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။ ကံချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(သတ္တမ) အကြိမ် ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၇ ဦးအား ရန်ပုံငွေကျပ် ၁၄၆၀၀၀၀၀၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၇ ဦး အား ရန်ပုံငွေ ကျပ် ၁၆၀၅၀၀၀၀ ၊ရေလုပ်ငန်း လုပ်ကိုင်သူ ၁၄ ဦးအား ရန်ပုံငွေကျပ် ၆၆၅၀၀၀၀ ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအား ရန်ပုံငွေကျပ် ၁၀၀၀၀၀ စသည်ဖြင့် အသင်းသား၊ အသင်းသူ စုစုပေါင်း ၇၉ ဦး အား ရန်ပုံငွေကျပ် စုစုပေါင်း ၃၇၄၀၀၀၀၀ ကို ကျေးရွာအရောက်ထုတ်ချေးပေးကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment